Leadership for MBA & SME [ဝေဖြိုးအောင်(AIT Computer)]
ဒီ "Leadership for MBA & SME" စာအုပ်ကို ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က
▪️MBA ကျောင်းသား၊ ကျောင်းသူများအတွက် - စာသင်ခန်းထဲကနေ ရရှိလာမယ့် နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှု သီအိုရီတွေကို လက်တွေ့ စီးပွားရေး ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လို အသုံးချရမလဲ ဆိုတာကို လမ်းပြပေးချင်ပါတယ်။ စာမေးပွဲ အောင်မြင်ဖို့သာမက၊ တကယ့် လုပ်ငန်းခွင်မှာပါ ထိရောက်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။
▪️SME လုပ်ငန်းရှင်များအတွက် - အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လူစွမ်းအားအရင်းအမြစ် ပြဿနာတွေ၊ ကန့်သတ်ချက်တွေ၊ ဈေးကွက် ယှဉ်ပြိုင်မှုတွေကြားထဲမှာ ကိုယ့်ရဲ့အဖွဲ့အစည်းကို ခိုင်မာတဲ့ ရူပါရုံ (Vision) နဲ့အတူ ရှေ့ကို ဘယ်လို ဦးဆောင်ခေါ်သွားရမလဲ ဆိုတဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာတွေကို ဝေမျှပေးချင်ပါတယ်။
ဒီစာအုပ်ထဲမှာ ခေါင်းဆောင်တစ်ယောက်မှာ ရှိရမယ့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း၊ အဖွဲ့အစည်းယဉ်ကျေးမှု တည်ဆောက်ခြင်းနဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖြေရှင်းခြင်း စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်
📝ဝေဖြိုးအောင်(AIT Computer)
စာ-548
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.